Posts

Showing posts with the label အဖြင့်စသော မြန်မာဆိုရိုးစကားများ

အကြီးတွင် တဏှာ၊ အပူတွင် ကိလေသာ၊ အမွှေးတွင် မေတ္တာ။

Image
အကြီးတွင် တဏှာ၊ အပူတွင် ကိလေသာ၊ အမွှေးတွင် မေတ္တာ။ အကြီးတွင် တဏှာ၊ အပူတွင် ကိလေသာ၊ အမွှေးတွင် မေတ္တာ။ Lust in the strongest, impurity in the hottest, and love in the sweetest.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Saying 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်   အားအကြီးဆုံးသောအရာသည် တွယ်တာတပ်မက်မှု တဏှာ၊ အပူလောင်ဆုံးသောအရာသည် ကိလေသာ၊ အမွှေးပျံ့ဆုံးသောအရာသည် မေတ္တာဖြစ်သည်။ This saying suggests that lust is the most overpowering urge; impurity or corruption burns fiercest; and love is the most delightful and pleasant experience in life. #burmesesayings #lifelessons #love #lust #impurity #wisdom #mindfulness #humanexperience #emotions #commonsense

အကျယ်အကျယ် မငြိမ်းဖွယ်။

Image
အကျယ်အကျယ် မငြိမ်းဖွယ်။ အကျယ်အကျယ် မငြိမ်းဖွယ်။ Arguments escalate, peace shatters.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Saying 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်  အကျယ်မချဲ့သင့်သော အရေးကိစ္စများကို အပြန်အလှန် ငြင်းခုန်ပြောဆိုနေခြင်းဖြင့် ကိစ္စပြီးမြောက် ငြိမ်းအေးသွားမည် မဟုတ်ပေ။ Issues that should not be expanded will not be settled and peaceful by continuously arguing. #burmesesayings #lifelessons #conflict #peace #wisdom #mindfulness #arguments #resolution #commonsense #harmony

အကျည်းတန် မှန်ကြိုက်။

Image
အကျည်းတန် မှန်ကြိုက်။ အကျည်းတန် မှန်ကြိုက်။ The ugly like mirrors. 𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Saying 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်  အကျည်းတန်သူသည် မှန် ခဏခဏ ကြည့်တတ်သည်။  The Ugly people very often look in mirrors. #burmesesayings #lifelessons #humanbehavior #wisdom #selfawareness #vanity #reflection #mindfulness #commonsense #humannature

အကျိုးဆော့၊ အကန်းမော့။

Image
အကျိုးဆော့၊ အကန်းမော့။ အကျိုးဆော့၊ အကန်းမော့။ The lame play, the blind look up.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Saying 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်  ခြေလက်ထိခိုက်ပွန်းပဲ့ နေသူကလည်း အငြိမ်မနေချင်၊ မျက်မမြင်ကလည်း ဟိုဟိုသည်သည် ငေးမောချင်သည်။ Even those with broken legs tend to play around; even the blind tend to look around. #burmesesayings #lifelessons #humanbehavior #wisdom #mindfulness #perseverance #resilience #commonsense #humannature #motivation

အကျီစားသန် ရန်ဖြစ်။

Image
အကျီစားသန် ရန်ဖြစ်။ အကျီစားသန် ရန်ဖြစ်။ Over-teasing leads to fights.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Saying 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ပျော်ရွှင်လိုသော သဘောဖြင့် နောက်ပြောင်ကျီစားလွန်းလျှင် ရန်ဖြစ်တတ်သည်။ ကျီစားသန်က ရန်များ၏ - ဟုလည်း သုံးနှုန်းကြသည်။ အကျီစားသန်လျှင် ရန်ဖြစ်သည်။ The meaning is that If you tease excessively in a playful manner, it can provoke a fight. Teasing eventually turns to quarrel. #burmesesayings #teasing #lifelessons #conflict #wisdom #mindfulness #playfulness #quarrel #behavior #commonsense

အကောက်မတတ် အခိုးဖြစ်သည်၊ အခိုးတတ်က အကောက်ဖြစ်သည်။

Image
အကောက်မတတ် အခိုးဖြစ်သည်၊ အခိုးတတ်က အကောက်ဖြစ်သည်။ အကောက်မတတ် အခိုးဖြစ်သည်၊ အခိုးတတ်က အကောက်ဖြစ်သည်။ A clumsy pick-up seems like theft; skillful theft appears like a pick-up.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Saying 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် တစ်ပါးသူ ကျရစ်သော ပစ္စည်းကို ကောက်ယူရာ၌ မကျင်လည်ပါက ခိုးသည်ဟု အထင်ခံရတတ်သည်၊ တစ်ပါးသူ၏ ပစ္စည်းကို ခိုးယူရာ၌ ကျင်လည်ပါက ကောက်ယူသည်ဟု အထင်ခံရတတ်သည်။ Picking up something clumsily makes you look like a thief; stealing skillfully makes you seem innocent. It's not what you do, but how you do it." - This common phrase underscores that the manner in which an action is performed can significantly affect how it's perceived by others. #burmesesayings #perception #actions #lifelessons #skill #innocence #wisdom #mindfulness #appearances #behavior #commonsense