Posts

Showing posts with the label "င" ဖြင့်စသော မြန်မာစကားပုံများ

ငါ့သမီး တော်လှဆို ယောက်မ မြင်းစီးထွက်။

Image
ငါ့သမီး တော်လှဆို ယောက်မ မြင်းစီးထွက်။ ငါ့သမီး တော်လှဆို ယောက်မ မြင်းစီးထွက်။ While her beauty is being praised, my daughter comes out riding a spatula like a horse. 𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ငါ့သမီး တော်လှသည်ဟု ချီးမွမ်းခါမှ သမီးဖြစ်သူက ယောက်မကို မြင်းစီး၍ ထွက်လာသကဲ့သို့ အထင်တကြီး ချီးမွမ်းခါမှ မဖွယ်မရာ ပြုမူပြောဆိုသည်။  The meaning is that when someone is highly praised for their qualities, they may behave or speak in an inappropriate or unbecoming manner, just like the daughter who, upon being praised, acts ridiculously by trying to ride a spatula as a horse. #myanmarproverbs #burmesewisdom #proverbexplained #lifelessons #wisdomquotes #culturalinsights #moralstories #humility #appropriatebehavior #teachingwisdom

ငါ့စကား နွားရ။

Image
ငါ့စကား နွားရ။ ငါ့စကား နွားရ။ My words earned a cow.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ငါ့စကားကြောင့်သာ နွားရသည်ဟု တစ်ဖက်သတ် ဇွတ်တရွတ် ပြောဆိုသကဲ့သို့ ယုတ္တိရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိုယ်လိုရာကိုချည်းဆွဲ၍ တစ်ဖက်သတ် ဇွတ် တရွတ် ပြောဆိုသည်။ The meaning is that, whether right or wrong, one stubbornly claims that they got the cow because of their own words, just like someone who, whether reasonable or not, insists on their own way and speaks one-sidedly. #myanmarproverbs  #burmesewisdom #proverbexplained #lifelessons #wisdomquotes #culturalinsights #moralstories #stubbornness #onewaythinking #teachingwisdom

ငါမွေးသည့် မျောက် ငါ့ကို ခြောက်။

Image
ငါမွေးသည့် မျောက် ငါ့ကို ခြောက်။ ငါမွေးသည့် မျောက် ငါ့ကို ခြောက်။ The monkey I raised threatens me.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် မိမိမွေးထားသော မျောက်က မိမိကို ပြန်ခြောက်လှန့်သကဲ့သို့ မိမိ ပြုစုစောင့်ရှောက်ထားခဲ့သော သူက မိမိအား မလေးမခန့် ပြုမူပြောဆိုသည်။ The meaning is that just as the monkey one raised turns around and frightens its caretaker, someone whom you have nurtured and cared for treats you with disrespect. #myanmarproverbs #burmesewisdom #proverbexplained #lifelessons #wisdomquotes #culturalinsights #moralstories #disrespect #ingratitude #teachingwisdom

ငရုတ်သီးပိုး အစပ်မကြောက်။

Image
ငရုတ်သီးပိုး အစပ်မကြောက်။ ငရုတ်သီးပိုး အစပ်မကြောက်။ The chili pepper worm is not afraid of the spice.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ၁။ ငရုတ်သီး၌ ခိုအောင်းနေသော ပိုးသည် အပူအစပ်ကို မကြောက်တော့သကဲ့သို့ ဆင်းရဲဒုက္ခနှင့် ကြီးပြင်း လာရသူသည် ဆင်းရဲဒုက္ခကို မကြောက်တော့ချေ။   ၂။ ငရုတ်သီး၌ ခိုအောင်းနေသောပိုးသည် အပူအစပ်ကို မကြောက်တော့သကဲ့သို့ မကောင်းမှု၌ မွေ့လျော်သူသည် မကောင်းမှုကို ပြုရန် မကြောက်တော့ချေ။  The meanings are:  1. Just as the worm that lives in the chili pepper is no longer afraid of its heat and spiciness, a person who has grown up in poverty and hardship does not fear poverty and hardship anymore.  2. Similarly, just as the worm that lives in the chili pepper is no longer afraid of its heat and spiciness, a person who is accustomed to doing evil is no longer afraid of doing evil. #myanmarproverbs #burmesewisdom #proverbexplained #lifelessons #wisdomquotes #culturalinsights #moralstories #poverty #hardshi...

ငရုတ်သီးနှင့် ပေါင်းမှ ကြက်သွန် အထောင်းခံရ။

Image
ငရုတ်သီးနှင့် ပေါင်းမှ ကြက်သွန် အထောင်းခံရ။ ငရုတ်သီးနှင့် ပေါင်းမှ ကြက်သွန် အထောင်းခံရ။ The onions get pounded when mixed with chilies.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်  ငရုတ်သီးနှင့် အတူ တစ်ဆုံတည်းကျခါမှ ကြက်သွန်သည် အထောင်းခံရသကဲ့သို့ မသူတော်နှင့် ပေါင်းမိခါမှ မိမိပါ ဒုက္ခရောက်ရသည်။ “ကြက်သွန်ချည်းနေ အကောင်းသား၊ ငရုတ်သီးနှင့် ပေါင်းမှ အထောင်းခံရ။” ဟူ၍လည်း အသုံးရှိသည်။) The meaning is that just as the onion gets pounded when it gets together with chilies, associating with bad people will bring one into trouble. This is also expressed as 'The onion is good on its own, but gets pounded when mixed with chilies. #myanmarproverbs #burmesewisdom #proverbexplained #lifelessons #wisdomquotes #culturalinsights #moralstories #badcompany #teachingwisdom #selfpreservation

ငရဲပန်းကို ရွှေပန်းထင် နောက်ခံ ပုံပြင်

Image
ငရဲပန်းကို ရွှေပန်းထင် နောက်ခံ ပုံပြင် နောက်ခံပုံပြင် ကဿပဘုရားလက်ထက် ဗာရာဏသီပြည်၌ သူဌေးတစ်ဦးတွင် မိတ္တဝိန္ဒက အမည်ရှိသောသား ရှိ၏။ အဖသူဌေးလွန်သော် မိခင်က သားအား သီလဆောက်တည်ရန်၊ အလှူပေးရန် ဆုံးမသော်လည်း မနာယူပေ။ တစ်နေ့တွင် မိတ္တဝိန္ဒကသည် ကုန်သွယ်မှု ပြုအံ့ဟု ကြံစည်သဖြင့် မိခင်က ဖျောင်းဖျ တားမြစ်ရာ မိခင်ကိုတွန်းထိုးပြီး အဖော်များနှင့်အတူ လှေဖြင့် ခရီးထွက်ခဲ့၏။ ခုနစ်ရက်မြောက်၌ လှေသည် သမုဒ္ဒရာအလယ်တွင်ရပ်ခဲ့၍ မသူတော်မဲချရာ မိတ္တဝိန္ဒက မဲကျသဖြင့် ၎င်းအားဖောင်ထက် တင်ကာ ရေမျှောလိုက်၏။ မိတ္တဝိန္ဒကလည်း ဖောင်ပေါ်၌ အိပ်လျက်ပါသွားရာ ဥဿဒငရဲသို့ ရောက် ၏။ ထိုငရဲတွင် သင်တုန်းဓားစက်ကို ခေါင်းပေါ်တွင်ရွက်ကာ ငရဲခံနေရသော ငရဲသားတစ်ဦးကို မြင်လျှင် မိတ္တဝိန္ဒကသည် သင်တုန်းဓားစက်ကို ပဒုမ္မာရွှေကြာပန်းထင်ပြီး ထိုငရဲသားထံမှ တောင်း၏။ ငရဲသားက ရွှေပန်းမဟုတ် သင်တုန်းဓားစက်သာ ဖြစ်ကြောင်း အကြိမ်ကြိမ်ပြောသော်လည်း တကယ်ပင် ရွှေပန်းဟု ထင်မှတ်ကာ မရအရ တောင်းယူ၍ ခေါင်းပေါ်တင်လိုက်သည်နှင့် ငရဲဒုက္ခကြီးစွာ ခံရ လေသည်။ (ခုဒ္ဒကနိကာယ်၊ ၄၃၉-စတုဒ္ဓါရဇာတ်။)  During the time of the Kassapa Buddha, in the city of Varanasi, there was a...

ငရဲရောက်မှ ကျောင်းဆောက်ချင်။

Image
ငရဲရောက်မှ ကျောင်းဆောက်ချင်။ ငရဲရောက်မှ ကျောင်းဆောက်ချင်။ Wanting to build a monastery after reaching hell.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်   အသက်ရှင်နေစဉ်အခါ တစ်စုံတစ်ခုသော ကုသိုလ်ကောင်းမှုပြုရန်သတိမရဘဲ သေပြီးငရဲရောက်ခါမှ ကုသိုလ်ရရန် ကျောင်းဆောက်ချင်သကဲ့သို့ ဆင်းရဲဒုက္ခရောက်ပြီး အခါနှောင်းမှ ပြုပြင်ရန် နောင်တရသည်။  The meaning is that just as someone who does not remember to do good deeds while alive but wants to build a monastery to gain merit after reaching hell, it is like feeling regret and wanting to make amends only after falling into poverty and suffering when it is too late. #myanmarproverbs #burmesewisdom #proverbexplained #lifelessons #wisdomquotes #culturalinsights #regret #moralstories #teachingwisdom #lateness

ငရဲပန်းကို ရွှေပန်းထင်။

Image
ငရဲပန်းကို ရွှေပန်းထင်။ ငရဲပန်းကို ရွှေပန်းထင်။ Mistaking the flower of hell for a golden flower.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်   မိတ္တဝိန္ဒကမည်သော လူငယ်သည် မိမိအား ညှင်းဆဲသတ်ဖြတ်မည့် သင်တုန်းစက်ကို ရွှေပန်းထင် မှတ်၍ လိုချင်တောင့်တမိသကဲ့သို့ မိမိအား ဒုက္ခပေးမည့်အရာကို အကောင်းထင်မှတ်၍ မက်မော သည်။  The meaning is that just as the young man Mittavindaka, while being punished, mistook the torture machine for a golden flower and desired it, one may mistakenly admire and desire something that will bring them suffering. #myanmarproverbs #burmesewisdom #proverbexplained #lifelessons #wisdomquotes #culturalinsights #selfdeception #moralstories #teachingwisdom #philosophicalquotes

ငရဲခွေးကို ရဲဆေးတင်ဖို့ မလို။

Image
ငရဲခွေးကို ရဲဆေးတင်ဖို့ မလို။ ငရဲခွေးကို ရဲဆေးတင်ဖို့ မလို။ No need to drug the hellhound.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ပင်ကိုအားဖြင့် ရဲရင့်ပြီးဖြစ်သော ငရဲခွေးကို နောက်ထပ် ရဲဆေးတင်ရန် မလိုသကဲ့သို့ ပင်ကိုအားဖြင့် မိုက်ပြီးသောသူကို ပို၍ မိုက်အောင် အားပေးအားမြှောက်ပြုရန် မလိုချေ။ The meaning is that there is no need to further drug the hellhound, which is already brave by nature, so it is not necessary to encourage the one who is already foolish to be even more foolish. #myanmarproverbs #burmesewisdom #proverbexplained #lifelessons #wisdomquotes #culturalinsights #commonknowledge #teachingwisdom #moralstories #foolishness

ငရဲက လာသူ ပြာပူ မကြောက်။

Image
ငရဲက လာသူ ပြာပူ မကြောက်။ ငရဲက လာသူ ပြာပူ မကြောက်။ He who comes from hell is not afraid of hot ashes.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်မှာ  ၁။ ငရဲတွင် ငရဲမီး၏အပူကို ခံစားဖူးသူသည် ပြာပူမျှလောက်ကို မကြောက်တော့သကဲ့သို့ ကြီးမား သောဒုက္ခကို ခံစားရဖူးသူသည် သာမန် ဒုက္ခမျိုးကို မကြောက်တော့ချေ။   ၂။ ငရဲတွင် ငရဲမီး၏အပူကို ခံစားဖူးသူသည် ပြာပူမျှလောက်ကို မကြောက်တော့သကဲ့သို့ ကြီးမားသော အပြစ်ကို ကျူးလွန်ဖူးသူသည် သာမန်အပြစ်မျှလောက်ကို ကျူးလွန်ရန် မခဲယဉ်းတော့ချေ။  The meanings are:  1. Just as a person who has experienced the intense heat of hellfire is not afraid of the warmth of ashes, a person who has endured great suffering does not fear ordinary hardships.  2. Similarly, someone who has committed great sins does not hesitate to commit minor sins.  #myanmarproverbs #burmesewisdom #proverbexplained #endurance #lifelessons #wisdomquotes #culturalinsights #strengththroughsuffering #moralstories #lifephilosophy

ငကန်းသေ ငစွေ ပေါ်လိမ့်မည်။

Image
ငကန်းသေ ငစွေ ပေါ်လိမ့်မည်။ ငကန်းသေ ငစွေ ပေါ်လိမ့်မည်။ When the blind dies, the cross-eyed rises.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်  ငကန်းသေလွန်သော် ငကန်းထက်သာသူ ငစွေ ပေါ်ပေါက်လာမည် ဆိုသကဲ့သို့ သူတစ်ယောက် မရှိသော် သူ့ထက်သာသော အခြားတစ်ယောက် ပေါ်လာလိမ့်မည်။ The meaning is that when the blind man is gone, a better man, the cross-eyed man, will emerge. Similarly, when one person is no longer present, someone better will take their place. #myanmarproverbs #burmesewisdom #proverbexplained #inspiration #lifelessons #wisdomquotes #buddhistproverbs #culturalwisdom #motivation #selfimprovement