Posts

Showing posts with the label "ဓ" ဖြင့်စသော မြန်မာစကားပုံများ

ဓာတ်မသိ ဟတ္ထိ ယုန်ထင်။

Image
ဓာတ်မသိ ဟတ္ထိ ယုန်ထင်။ ဓာတ်မသိ ဟတ္ထိ ယုန်ထင်။ Unaware of the truth, an elephant is mistaken for a rabbit. 𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်  အကြောင်းမသိလျှင် ဆင်ကြီးကိုပင် ယုန်ငယ်ပမာ မှတ်ယူအထင်သေးသကဲ့သို့ ကျိုးကြောင်း သေချာမသိက အထင်ကြီး ရမှန်းမသိ ဖြစ်သည်။  ဟတ္ထိ (ပါဠိ) = ဆင်။  If one doesn't understand the true nature of something, they might belittle even an elephant as if it were a small rabbit. Similarly, without understanding the full context, one may fail to recognize something or someone of great importance. #valueperception #understandingtruth #judgingwithoutknowing #burmeseproverbs #burmesewisdom #myanmarculture #contextmatters #lifelessons #culturalheritage #proverbmeanings #historicalwisdom

ဓာတ်တော်မှတ်လို့ ကိုးကွယ်ပါ၊ ကလပ်ပေါ်ရောက်မှ ကလိမ်စေ့မှန်းသိ။

Image
ဓာတ်တော်မှတ်လို့ ကိုးကွယ်ပါ၊ ကလပ်ပေါ်ရောက်မှ ကလိမ်စေ့မှန်းသိ။ ဓာတ်တော်မှတ်လို့ ကိုးကွယ်ပါ၊ ကလပ်ပေါ်ရောက်မှ ကလိမ်စေ့မှန်းသိ။ Worshipped as a sacred relic, revealed as a mere seed.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်  “ဘုရားမှတ်လို့ ကိုးကွယ်ပါ၊ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ။”စကားပုံနှင့် အတူတူ ဖြစ်သည်။ အနက်အဓိပ္ပါယ်မှာ ဓာတ်တော်ထင်မှတ်၍ ကိုးကွယ်နေရာ အများကြည်ညိုနိုင်အောင် ကလပ်ပေါ်တင်ခါမှ ကလိမ်စေ့ ဖြစ်မှန်း သိလာရသကဲ့သို့ သူတော်ကောင်းမှတ်၍ ကြည်ညိုနေရာ ချီးမြှောက် ကိုးကွယ်ခါမှ မသူတော်မှန်း သိရသည်။  I worshiped it, thinking it was a sacred relic; only when it was put on display did I realize it was a mere seed. This is similar to the saying 'Worshipped as a deity pagoda, revealed as a termite mound.' The meaning is that you may revere something, believing it to be sacred or important, but only when it is fully revealed or put to the test do you realize it is not what you thought. Just as you might honor someone thinking they are virtuous,...

ဓားမရမီ ဓားရိုးခုတ်ထား၊ မိုးမကျမီ ခေါင်မိုးပြင်ထား။

Image
ဓားမရမီ ဓားရိုးခုတ်ထား၊ မိုးမကျမီ ခေါင်မိုးပြင်ထား။ ဓားမရမီ ဓားရိုးခုတ်ထား၊ မိုးမကျမီ ခေါင်မိုးပြင်ထား (ကရင် စကားပုံ)။ Get the handle before the knife, fix the roof before the rain (Karen Proverb).  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် “ပွဲမဝင်ခင် ပြင်က ကျင်းပ။”စကားပုံနှင့် ဆင်တူသည်။ တွန်တွဲဖြစ်တတ်သော အမှုကိစ္စများတွင် တစ်ခုခုမဖြစ်ပျက်မှီ ယှဥ်တွဲဖြစ်တတ်သော အရာတစ်ခုကို ကြိုတင် ပြင်ဆင်ထားသင့်သည်။ This is similar to the Burmese proverb “Practice in advance before entering the competition.” It emphasizes the importance of preparing related or necessary aspects in advance before the main event or task occurs. This proverb encourages proactive planning and taking necessary precautions before problems or needs arise. #preparationiskey #anticipation #karenproverb #burmeseproverbs #burmesewisdom #myanmarculture #proactiveplanning #lifelessons #culturalheritage #proverbmeanings #historicalwisdom #preparationiskey #anticipation #karenproverb

ဓားမ ထက် လက်ခကြီး။

Image
ဓားမ ထက် လက်ခကြီး။ ဓားမ ထက် လက်ခကြီး။ The labor costs more than the knife itself.   𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ပစ္စည်းတစ်ခု၏ မူလတန်ဖိုးထက် လက်ခက ပိုများသည်ဆိုသကဲ့သို့ အမှုကိစ္စတစ်ခုအတွက် ကုန်ကျသည့်စရိတ်မှာ ရလဒ်နှင့်မကာမိအောင် ကြီးမားလှသည်။ “တန်ဖိုးထက် လက်ခကြီး။  ထမ်းပိုးထက် လက်ခကြီး။”စကားပုံတို့နှင့် အတူတူ ဖြစ်သည်။  It means that the expenses incurred for something far exceed its actual value or the outcome, emphasizing the disproportion between cost and benefit. This is similar to the sayings 'The labor costs more than the value' and 'The transportation costs more than the goods.' #disproportionatecost #valueassessment #economicwisdom #burmeseproverbs #burmesewisdom #myanmarculture #costvsbenefit #lifelessons #culturalheritage #proverbmeanings #historicalwisdom

ဓား မထက် ဓားသွေးကျောက် အပြစ်တင်။

Image
ဓား မထက် ဓားသွေးကျောက် အပြစ်တင်။ ဓား မထက် ဓားသွေးကျောက် အပြစ်တင်။ Blaming the whetstone for a blunt knife.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် “အကမတတ် ဖျာခေါင်းချ”စကားပုံနှင့် အတူတူဖြစ်သည်။ ဓားသွေးမတတ်၍ ဓား မထက်သည်ကို ဓားသွေးကျောက်အပေါ် အပြစ်လွှဲချသကဲ့သို့ မိမိ အသုံး မကျသည်ကို မိမိအပြစ်ဟု မမြင်ဘဲ သူတစ်ပါး အပေါ်သာ အပြစ်လွှဲချသည်။  This is similar to the saying 'Blaming the mat for a poor dance.’ It means that when a knife is not sharp, instead of acknowledging one's own failure to sharpen it properly, one blames the sharpening stone. Likewise, it refers to a person who fails at something and shifts the blame onto others or external factors instead of recognizing their own shortcomings. Both proverbs serve as reminders that true improvement comes from self-reflection and taking ownership of one's actions. #ownyouractions #stopblamingothers #personalgrowth #burmeseproverbs #burmesewisdom #myanmarculture #selfreflection #lifelessons #c...

ဓားထက်လွန်းလျှင် ပဲ့၊ လှံချွန်လွန်းလျှင် ကျိုး၊ ပူဖောင်းကြီးတော့ ပေါက်။

Image
ဓားထက်လွန်းလျှင် ပဲ့၊ လှံချွန်လွန်းလျှင် ကျိုး၊ ပူဖောင်းကြီးတော့ ပေါက်။ ဓားထက်လွန်းလျှင် ပဲ့၊ လှံချွန်လွန်းလျှင် ကျိုး၊ ပူဖောင်းကြီးတော့ ပေါက် (ကရင် စကားပုံ)။ A knife too sharp chips, a spear too pointed breaks, and a balloon too large bursts (Karen proverb).  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် အနက်အဓိပ္ပါယ်မှာ လိုအပ်သည်ထက် ပိုအောင် ဖြည့်စွက်လုပ်ဆောင်သောအရာသည် ပျက်စီးစေတတ်သည်။ “ပြင်လွန်းလျှင် ဖင်ချွန်း”စကားပုံနှင့် အတူတူ ဖြစ်သည်။ The meaning is that anything done excessively or beyond what is necessary tends to result in failure or destruction. It is similar to the proverb 'If you decorate too much, the bottom becomes pointed.'  #avoidexcess #balancedapproach #proverbmeanings #burmeseproverbs #burmesewisdom #myanmarculture #moderationiskey #lifelessons #culturalheritage #proverbmeanings #historicalwisdom #karenproverb

ဓားခုတ်ရာ လက်လျှို။

Image
ဓားခုတ်ရာ လက်လျှို။ ဓားခုတ်ရာ လက်လျှို။ Slipping a hand where the knife strikes.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်  ဓားခုတ်ရာတွင်ဝင်၍ လက်လျှိုသကဲ့သို့ သူတစ်ပါး၏ပြဿနာတွင် ဒုက္ခရောက်ချင်၍ဝင်ပါသည်။ Like sticking one's hand into the path of a swinging knife, one enters into another person's problems, wanting to get into trouble. This proverb warns against getting involved in other people's issues, as it may lead to unnecessary trouble or harm to oneself. #mindyourownbusiness #stayoutoftrouble #unnecessaryharm #burmeseproverbs #burmesewisdom #myanmarculture #avoidingtrouble #lifelessons #culturalheritage #proverbmeanings #historicalwisdom

ဓားကိုဖျက် ဝါးမျက်၊ လူကိုဖျက် အရက်။

Image
ဓားကိုဖျက် ဝါးမျက်၊ လူကိုဖျက် အရက်။ ဓားကိုဖျက် ဝါးမျက်၊ လူကိုဖျက် အရက်။ Bamboo nodes dull a knife; alcohol ruins a person.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်  မည်မျှ အသွားထက်သော ဓားပင်ဖြစ်စေကာမူ ဝါးလုံး၏အဆစ်မှ အမျက်များကို ခုတ်မိသော် ထိုဓားသည် အသွားပဲ့ကာ ပျက်စီးသွား မည်ဖြစ်၏။ ဝါးမျက်သည် ဓား၏အသွားထက်ခြင်းကို ဖျက်ဆီးနိုင်လေသည်။ ထို့အတူ မည်မျှ အကျင့်စာရိတ္တ ကောင်းမွန်သောသူပင် ဖြစ်စေကာမူ ထိုသူသည် အရက်သမားလုံးလုံးလျားလျားဖြစ်သည်အထိ အရက်ကို အလွန်အကျွံသောက်မိပါက တပါးသူကို စော်ကားခြင်း၊ ဆဲရေး တိုင်းထွာခြင်း၊ လိမ်လည်လှည့်ပတ်ခြင်း စသည်တို့ကို ကျူးလွန်မိကာ အကျင့်စာရိတ္တ ပျက်ပြားသွားနိုင်သည်။ “ရှင်ကိုဖျက် ဓဇဂ်၊ လူကိုဖျက် အရက်၊ ဓားကိုဖျက် ဝါးမျက်”ဟုလည်း အသုံးရှိသည်။  The proverb conveys that no matter how sharp a knife may be, if it strikes the nodes of bamboo, its edge will become dull and damaged. Similarly, no matter how virtuous a person may be, excessive consumption of alcohol can lead them to lose their moral character, causing them to...