Posts

Showing posts with the label ခ နှင့်စသည့် မြန်မာစကားပုံများ

ခုစာကလေးကြော် ခုဆီထမင်း။

Image
ခုစာကလေးကြော် ခုဆီထမင်း။ ခုစာကလေးကြော် ခုဆီထမင်း။ Fried sparrow just now; fried rice in no time.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်  အခုစာကလေးကြော် စားမည်ဟုပြောပြီး အခုဆီထမင်းစားမည်ဟု ပြောင်းလဲပြောပြန် သကဲ့သို့ အခုတစ်မျိုး၊ အခု နောက်တစ်မျိုး ပြောင်းလဲ ပြောဆိုပြုမူသည်။ “အခု စာကလေးကြော်၊ အခု ဆီထမင်း”ဟုလည်း စာလုံးပေါင်း ရေးတတ်ကြသည်။  "Fried sparrow now, fried rice next."  This means that, like someone switching from saying they'll eat fried sparrow to fried rice in a moment, it describes a person who frequently changes their mind or actions. The proverb points to someone who is inconsistent or fickle, constantly shifting their decisions or statements. It emphasizes their indecisiveness and inability to stick to their words or actions. #fickleness  #changingminds  #lackofcommitment  #burmeseproverbs  #burmesewisdom  #myanmarculture  #indecisiveness  #lifelessons  #culturalheritage  #...

ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမည့်ကြံ ခါးကမသန်။

Image
ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမည့်ကြံ ခါးကမသန်။ ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမည့်ကြံ ခါးကမသန်။ The red ant, with arrogant ambitions to topple a mountain, lacks the strength in its back. 𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ခါချဉ်ကောင်သည် တောင်ကြီးကို ဖြိုဖျက်ရန် စိတ်မာန် ပြင်းပြစွာ ကြံစည်သော်လည်း ခါးချည့် သော သတ္တဝါမျိုးဖြစ်၍ မစွမ်းဆောင်နိုင်သကဲ့သို့ တစ်စုံတစ်ခုကို မဖြစ်မနေ အားသွန်ခွန်စိုက် ပြုလုပ်ရန် ရည်မှန်းသော်လည်း ပင်ကိုယ် အားနည်းချက်ကြောင့် မစွမ်းဆောင်နိုင် ဖြစ်သည်။   "The red ant, though ambitiously aiming to topple a mountain, lacks the strength to carry out its plan." This means that, like the red ant with lofty dreams but a weak back, a person may be determined to achieve something but fails due to their inherent weaknesses or lack of ability. The proverb uses the image of a red ant with grand ambitions but limited physical strength to highlight the futility of pursuing goals without the necessary skills or re...

ခလုတ်ထိမှ အမိတ။

Image
ခလုတ်ထိမှ အမိတ။ ခလုတ်ထိမှ အမိတ။ Calling for mother only when tripping. 𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်ာ  ဖြောင့်ဖြူးသော လမ်းကိုလျှောက်နေစဉ် မိခင်ကို သတိမရ၊ ခလုတ်တိုက်မိသော အခါမှ အမယ်လေးဟု အမိကို တ သကဲ့သို့ ဒုက္ခနှင့်ကြုံတွေ့ရခါမှ ကိုးကွယ်ရာကို သတိရသည်။  The meaning is that while walking on a smooth path, one does not remember their mother, but only when they stumble upon something do they call out for her. Similarly, one remembers their place of refuge only when faced with difficulties.  #myanmarproverbs #wisdom #lifelessons #burmeseproverbs #proverbialwisdom #learnandgrow #culturalwisdom #family #support #motivation #inspiration

ခလောက်မဆွဲသောကျွဲ ရှာရခက်။

Image
ခလောက်မဆွဲသောကျွဲ ရှာရခက်။ ခလောက်မဆွဲသောကျွဲ ရှာရခက် (ရှမ်း စကားပုံ)။ A buffalo without a bell is hard to find (Shan proverb). 𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ကျွဲကို လည်ပင်းမှာ ခလောက်ဆွဲမထားလျှင် ပျောက်သည့်အခါ ရှာရခက်တတ်သည်။ ပစ္စည်းတခုခုကိုလည်း အမှတ်သညာမထားဘဲ ပစ်ထားမိလျှင် လိုချင်သည့်အခါ အရှာရခက်တတ်သည်။ ကြိုးကို ဒီတိုင်းပစ်ထားလျှင် ကြိုးသည် ရှုပ်သွားတတ်သည်။ မိမိလိုချင်လာသည့်အခါ ရှုပ်နေသောကြိုးကို ဖြည်နေရတာနဲ့တင် အချိန်ကြာတတ်သည်။ ထို့ကြောင့် "လိုလျှင်ရစေ ကြိုးနှယ်ခွေ" ဆိုရိုးအတိုင်း လိုချင်သည့်အခါ အလွယ်တကူ ရနိုင်အောင် ကြိုးကိုသိမ်းသည့်အခါ အသေချာ ခွေထားပြီး သိမ်းရသည်။ ထို့အတူ ပစ္စည်းတခုကို နောင်တချိန်ပြန်သုံးမည့်အခါ အလွယ်တကူ ရှာလို့ရအောင်၊ သုံးလို့ရအောင် စနစ်တကျ သိမ်းဆည်းသင့်သည်ဟု ဆိုလိုသည်။  If a buffalo does not have a bell around its neck, it is difficult to find when it goes missing. Similarly, if an item is not marked or organized properly, it can be hard to find when needed. Just like an untied rope tends to get tangled, maki...

ခရမ်းသီးပိန် ဓားတုံး။

Image
ခရမ်းသီးပိန် ဓားတုံး။ ခရမ်းသီးပိန် ဓားတုံး။ Slicing a slender eggplant with a blunt knife.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ခရမ်းသီးပိန်ကို ဓားတုံးတုံးဖြင့် လှီးလျှင် အလွယ်တကူ မပြတ်သကဲ့သို့ ပစ္စည်းဂုဏ်သိန် အရှိန် အဝါ ညှိုးမှိန်နေသောအခါ၌ အရာရာကို ဆောင်ရွက်၍ အလွယ်တကူ မအောင်မြင်နိုင်။ The meaning is that just as it is difficult to cut a slender eggplant with a blunt knife, it is challenging to achieve success in anything when one's resources or abilities are weakened or diminished. #myanmarproverbs #wisdom #lifelessons #burmeseproverbs #proverbialwisdom #learnandgrow #culturalwisdom #motivation #success #inspiration

ခရု ခါးတောင်းကျိုုက်ဖမ်း။

Image
ခရု ခါးတောင်းကျိုုက်ဖမ်း။ ခရု ခါးတောင်းကျိုုက်ဖမ်း။ Girding up the loins to catch a snail.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ခရုငယ်ကို အလွယ်တကူ ကောက်ယူရုံမျှနှင့် ရနိုင်ပါလျက် ပုဆိုးခါးတောင်း ကျိုက်၍ အင်တိုက် အားတိုက် ဖမ်းဘိသကဲ့သို့ အလုပ်တစ်ခုကို အလွယ်တကူနှင့် ပြီးနိုင်ပါလျက် မလိုအပ်ဘဲ အကျယ်ချဲ့ ကာ ပင်ပန်းကြီးစွာခံ၍ လုပ်ကိုင်သည်။ The meaning is that although it is easy to pick up a small snail, one struggles with great effort and energy to catch it girding up the loins, similarly to how one takes on a task with unnecessary complexity and great exertion when it could have been easily completed.   #myanmarproverbs #wisdom #lifelessons #burmeseproverbs #simplify #worksmarternotharder #proverbialwisdom #learnandgrow #culturalwisdom #efficiency

ခရီးတွင်လို့ ရွာစဉ်မသိ။

Image
ခရီးတွင်လို့ ရွာစဉ်မသိ။ ခရီးတွင်လို့ ရွာစဉ်မသိ။ Reaching there without knowing the villages along the route. 𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ခရီးပေါက်ခဲ့သော်လည်း လမ်း၌ မည်သည့်ရွာများကို ဖြတ်သန်းလာခဲ့မှန်း မသိသကဲ့သို့ လုပ်ငန်းသာ ပြီးဆုံးသွားသော်လည်း မိမိဆောင်ရွက်ခဲ့သော လုပ်ငန်းအကြောင်းကို ကောင်းစွာမသိဘဲ ရှိသည်။  The meaning is that even though one has traveled, they are unaware of the villages they have passed through on the way, just as one completes a task without fully understanding the details of the work they have done. The fool wanders, the wise man travels. #myanmarproverbs #wisdom #travelwisdom #lifelessons #burmeseproverbs #journey #wisdomquotes #culturalwisdom #proverbialwisdom #learnandgrow

ခရုမှာလည်းအဆံ လူမှာလည်းအကြံ

Image
ခရုမှာလည်းအဆံ လူမှာလည်းအကြံ "ခရုမှာလည်း အဆန်၊ လူမှာလည်း အကြံ။"သည် မြန်မာဆိုရိုးစကား ဖြစ်သည်။ အနက်အဓိပ္ပာယ်မှာ  ခရုတွင် အဆံရှိသကဲ့သို့ လူတွင်လည်း အကြံဉာဏ် ရှိစမြဲ ဖြစ်သည်။  Snails with innards, men with intellect.  This is a Burmese saying. It means that human beings always have intellect and good ideas as snails have innards.