Posts

Showing posts with the label "စ"ဖြင့်စသော မြန်မာစကားပုံများ

စာဥဒေါင်းအုပ်၊ ဒေါင်းဥစာအုပ်။

Image
စာဥဒေါင်းအုပ်၊ ဒေါင်းဥစာအုပ်။ စာဥဒေါင်းအုပ်၊ ဒေါင်းဥစာအုပ်။ A peahen can incubate a sparrow's egg, but a sparrow cannot incubate a peahen's egg. 𝐎𝐫𝐢𝐠𝐢𝐧/မူလဇစ်မြစ် Myanmar/Burma Proverbs မြန်မာစကားပုံများ 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပာယ် - စာကလေးဥကို ဒေါင်းက လုံခြုံစွာ အုပ်နိုင်သည်။ ဒေါင်းဥကို စာကလေးက လုံခြုံစွာ မအုပ်နိုင်။ ထို့အတူ စီမံအုပ်ချုပ်ရာ၌ စီမံရသည့်တာဝန်နှင့် စီမံသူ၏ အရည်အချင်း လျော်ကန်မှုရှိမှ အောင်မြင်မှု ရရှိနိုင်သည်။  "A peahen can incubate a sparrow's egg, but a sparrow cannot incubate a peahen's egg." This means that while a peahen can handle brooding a sparrow's egg, a sparrow cannot manage the larger task of brooding a peahen's egg. Similarly, in leadership and management, success is dependent on matching responsibilities to the manager’s capabilities. The proverb uses this bird analogy to emphasize the importance of aligning tasks with the appropriate skills and abilities. It suggests that assigning responsibilities beyond someone...

စာအုပ်စာပေ လူ့မိတ်ဆွေ။

Image
စာအုပ်စာပေ လူ့မိတ်ဆွေ။ စာအုပ်စာပေ လူ့မိတ်ဆွေ။ Books are our best friends.  𝐎𝐫𝐢𝐠𝐢𝐧/မူလဇစ်မြစ် Myanmar/Burma Proverbs မြန်မာစကားပုံများ 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပာယ် - စာအုပ်စာပေများသည် ဗဟုသုတ အသိပညာပေးပြီး လူတို့အတွက် အကျိုးများလှသဖြင့် လူတို့၏ မိတ်ဆွေကောင်းများ ဖြစ်ကြသည်။  "Books are our greatest companions." This means that books and literature offer knowledge and wisdom, serving as valuable allies to people, much like trusted friends. The proverb highlights the essential role books play in our lives, emphasizing how they provide knowledge, expand perspectives, and deepen our understanding of the world, making them indispensable partners in our journey of learning and personal growth. #importanceofbooks  #knowledgeandgrowth  #literature  #burmeseproverbs  #burmesewisdom  #myanmarculture  #bookslovers  #lifelessons  #culturalheritage  #proverbmeanings  #historicalwisdom

စာဗူးတောင်း အကြံကောင်းသဖြင့် အိမ်ကောင်းရာကောင်းနှင့် နေရသည်။

Image
စာဗူးတောင်း အကြံကောင်းသဖြင့် အိမ်ကောင်းရာကောင်းနှင့် နေရသည်။  (ထားဝယ် စကားပုံ)။ The weaverbird, being clever, lives in a good home.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်  စာဘူးတောင်းငှက်များသည် မိမိတို့ နေထိုင်ဖို့ ဉာဏ်နဲ့လုံ့လဖြင့် အသိုက်အအုံကောင်းကောင်း ဆောက်လုပ်ပြီး နေထိုင်ကြသကဲ့သို့ ဉာဏ်နဲ့ဝီရိယရှိသောသူတို့သည် မိမိတို့ဘဝ အောင်မြင်ဖို့အတွက် ကြိုစားကြသည်။ Just as the weaverbirds use their intelligence and diligence to build good nests to live in, people who are wise and industrious make efforts to ensure their lives are successful. #myanmarproverbs #burmeseproverbs #proverbmeanings #lifelessons #wisdomteachings #culturalwisdom #success #hardwork #intelligence #motivationalproverbs

စပါးရှင် မျောက်လိုက်။

Image
စပါးရှင် မျောက်လိုက်။ စပါးရှင် မျောက်လိုက် (ထားဝယ် စကားပုံ)။ The monkey chases the farm owner.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်    “ယာရှင် မျောက်မောင်း” စကားပုံနှင့် အတူတူ ဖြစ်သည်။ ယာထဲသို့ ဝင်ရောက် စားသောက်နေသော မျောက်က ယာရှင်ကို မောင်းထုတ်သကဲ့သို့ မိမိ မပိုင်ဆိုင်သော အရာကို ပိုင်စိုးပိုင်နင်း ပြုလုပ်ရုံသာမက ပိုင်ရှင်ကိုပင် ဒုက္ခပေးသည်။ It is similar to the proverb “The monkey drives the farm owner away.” Just as a monkey enters a field and eats the crops, driving away the farmer, this proverb refers to someone who not only takes over something that does not belong to them but also causes trouble for the rightful owner.  #myanmarproverbs #burmeseproverbs #proverbexplained #lifelessons #wisdomquotes #culturalinsights #moralstories #usurpation #troublemaking #teachingwisdom

စကောလောက်မှ စောက်မနက်။

Image
စကောလောက်မှ စောက်မနက်။ စကောလောက်မှ စောက်မနက်။ Not even as deep as a bamboo tray.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်  လူတစ်ဦးတစ်ယောက်၏ အကြံပက်စက်ပုံ၊ ဉာဏ်တိမ်ပုံ၊ အတွေးအခေါ်အယူအဆ နိမ့်ပါးပုံ၊ အရာပစ္စည်းတစ်ခု၏ တန်ဖိုးမဲ့ပုံ စသည်တို့ကို ရည်ညွှန်းသည့်အခါ သုံးသော နာမဝိသေသန ဖြစ်သည်။ The meaning refers to a person’s lack of ideas, dullness, shallow thinking, or the worthlessness of an object. #myanmarproverbs #burmeseproverbs #proverbmeanings #shallowthinking #dullness #culturalwisdom #lifelessons #traditionalwisdom #teachings #moralinsights

စကားရိုးရိုးပြောလျှင် ပြီးလွယ်သည်၊ မျဉ်းဖြောင့်ဖြောင့်သွယ်လျှင် အရောက်မြန်သည်။

Image
စကားရိုးရိုးပြောလျှင် ပြီးလွယ်သည်၊ မျဉ်းဖြောင့်ဖြောင့်သွယ်လျှင် အရောက်မြန်သည်။ စကားရိုးရိုးပြောလျှင် ပြီးလွယ်သည်၊ မျဉ်းဖြောင့်ဖြောင့်သွယ်လျှင် အရောက်မြန်သည် (ကယား စကားပုံ)။ Simple speech ends fast; a straight line travels quick.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ဖြောင့်မှန်ရိုးရှင်းစွာ လုပ်ဆောင်လျှင် အလုပ်ပြီးလွယ်သည်။ The meaning is that Acting straightforwardly and simply makes tasks easier to complete. #myanmarproverbs #burmesewisdom #proverbexplained #lifelessons #wisdomquotes #culturalinsights #moralstories #straightforwardness #simplicity #teachingwisdom

စကား အရမ်းပြောလျှင် လျော်ရတတ်သည်၊ လှံကို အရမ်းပစ်လျှင် ခွေးထိတတ်သည်။

Image
စကား အရမ်းပြောလျှင် လျော်ရတတ်သည်၊ လှံကို အရမ်းပစ်လျှင် ခွေးထိတတ်သည်။ စကား အရမ်းပြောလျှင် လျော်ရတတ်သည်၊ လှံကို အရမ်းပစ်လျှင် ခွေးထိတတ်သည် (ကယား စကားပုံ)။ Unthinking speech often incurs compensation; a careless throw of a spear often hits a dog. 𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်ာ  မည်သည့်အရာကိုမဆို မတွေးတော မဆင်ခြင်ဘဲ လက်လွတ်စပါယ် ပြုလုပ်လျှင် ဆိုးကျိုးခံရတတ်သည်။  The meaning is that Acting impulsively without thinking or considering consequences can lead to negative outcomes. #myanmarproverbs  #burmesewisdom #proverbexplained #lifelessons #wisdomquotes #culturalinsights #moralstories #impulsivity #consequences #teachingwisdom