Posts

Showing posts with the label က နှင့်စသည့် မြန်မာစကားပုံများ

ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ။

Image
ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ။ A bit of merit, a basket of demerit.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverb 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ကုသိုလ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်သော်လည်း လုပ်ပုံကိုင်ပုံ မလျော်ကန်လျှင် အကုသိုလ် များစွာ ဖြစ်ရသကဲ့သို့ ကောင်းစေလို၍ လုပ်သော်လည်း လုပ်ပုံကိုင်ပုံ မလျော်ကန်လျှင် အကျိုးထက် အပြစ်က များစွာပိုဖြစ်သည်။  It means that even if one intends to do something for merit, if the manner in which it is done is inappropriate, it can result in many demerits. Similarly, even if one intends to do good, if the way it is done is not proper, the harm can far outweigh the benefits. Incur a load of sin for a smidgen of merit. ပဲသား = 1.02058 g, ပိဿာ = 1.63293 kg (3.6 lb) #burmeseproverb #meritanddemerit #intentions #traditionalwisdom #proverbmeaning #burmeseculture #goodintentions #improperactions #proverbanalysis #culturalinsight #burmeselanguage #lifelessons

ကုလားသိုက် ကျားဝင်ကိုက်။

Image
ကုလားသိုက် ကျားဝင်ကိုက်။ ကုလားသိုက် ကျားဝင်ကိုက်။ A crowd of Indians, an attack of a tiger. 𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverb 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ကုလားလူမျိုးအစုအဝေးတွင် ကျားဝင်၍ ဆူညံစွာ အောင်ဟစ်ကြသည်ကို ဆိုသည်။ ကုလား လူမျိုးများ စကားပြောသံသည် ဆူညံသည်ဟု မြန်မာများ၏နားတွင် မှတ်ထင်သည်။ နှုတ်အာ သွက်လက်ပေ့ါပါးသော လူမျိုးများဖြစ်၍ အာသံ လျှာလိပ်သံများသောကြောင့် အစုအဝေးလိုက် တစ်ယောက်တစ်ခွန်း ပြောဆိုကြသောအခါ နားမလည်ကြသူများအဖို့ နားငြီးဖွယ် ဖြစ်တတ် သည်။ ထို့ကြောင့် သဘာဝအားဖြင့် သာမန်အခါ၌ပင် ဆူညံသည်ဟု မှတ်ယူလျှင် ဝင်ရောက်ကိုက်ခဲသဖြင့်ကြောက်လန့်တကြားနှင့် အော်ဟစ်ပြောဆိုကြသည့် အခါ ပို၍ဆူညံမည်ဟု တင်စားခိုင်းနှိုင်းဆိုခြင်းဖြစ်သည်။ နားမခံသာဖွယ် ဆူညံခြင်းကို ပုံခိုင်းသည်။   It means that in a group of Indians, when a tiger enters, they will scream loudly. The speech of Indians sounds noisy to Burmese ears. Indians are a lively and talkative people, and their voices and speech tones can be loud and fast. Therefore, when they speak in groups, it can be overwhelming for ...

ကုလားမနိုင် ရခိုင်မဲ။

Image
ကုလားမနိုင် ရခိုင်မဲ။ ကုလားမနိုင် ရခိုင်မဲ။ Turning to the Rakhine for not being able to defeat the Indian. 𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverb 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် တယောက်ယောက်ကို မနိုင်သည့်အခါ နိုင်သည့် တခြားတယောက်ကို ဖိဟောက်တာမျိုး၊ ရစ်တာမျိုး၊ ဒုက္ခပေးတာမျိုးတွင် သုံးကြသည်။ (ကုလားမနိုင် ရခိုင်မဲ"၏ မူရင်းစကားပုံမှာ "ကုလားမနိုင် ရခိုင်မေး" ဖြစ်သည်ဟု ဆိုကြပါသည်။ ရခိုင်ပြည်ဟာ ဘင်္ဂေါဒေသနဲ့ ထိစပ်နေတယ်။ ရှေးရခိုင်ဘုရင်တွေဟာ ကုလားပြည်ကို အမြဲအောင်နိုင်တယ်လို့ဆိုပါတယ်။ ကုလားတို့ရဲ့ အားနည်းချက် အားသာချက်ကို  ကောင်းကောင်းသိတယ်။ မြန်မာဘုရင်တွေက ကုလားပြည်နဲ့စစ်ဖြစ်တဲ့အခါမျိုး ကုလားပြည်ကို သိမ်းချင်တဲ့အခါမျိုးမှာ တိုက်ကြတယ်။ ဒါပေမယ့် ကုလားပြည်ကိုနိုင်အောင် မတိုက်နိုင်တဲ့အခါတွေ ရှိမယ်။ အဲဒီအခါမှာ ကုလားပြည်ရဲ့ ဟာကွက်ကို နောကျေတဲ့ ရခိုင်ပြည်သားတွေကို သွားသွားပြီး မေးရမြန်းရတယ်ပေါ့။ ဒါကြောင့် "ကုလားမနိုင် ရခိုင်မေး" လို့ ဆိုရိုး ဖြစ်လာတယ်လို့ ဆိုကြပါတယ်။)  It means that when you cannot overcome one person, you try to overpower another person you can defea...

ကလေးကျမှ လှေခါးထောင်၊ ရန်သူပြန်မှ ဒူးလေးပြင်။

Image
ကလေးကျမှ လှေခါးထောင်၊ ရန်သူပြန်မှ ဒူးလေးပြင်။ ကလေးကျမှ လှေခါးထောင်၊ ရန်သူပြန်မှ ဒူးလေးပြင်။ Erect the ladder after the child falls; Prepare the weapon after the enemy retreats. 𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverb 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ပြုလုပ်သင့်သည့်အချိန်တွင် အချိန်မှီ မပြုလုပ်ဘဲ အချိန်လွန်မှ ပြုလုပ်ရန် ကြိုးပမ်းအားထုတ်သည်။ “မိုးလွန်မှ ထွန်ချ။ ငါးလွန်မှ ကွန်ပစ် ။  မိုးသောက်မှ ကြက်တင်၊ နေဝင်မှ စပါးလှန်း”ဟူသော စကားပုံ တို့နှင့် အတူတူဖြစ်သည်။  It means trying to do something after the appropriate time has passed. It is similar to the proverbs 'Plow after the sun has set,' 'Throw the net after the fish have passed,' ‘Put the chickens to roost after the sun has risen,' and 'Sun-dry the rice after the sun has set. #burmeseproverb #lateness #missedopportunity #timing #traditionalwisdom #proverbmeaning #burmeseculture #delayedaction #proverbanalysis #culturalinsight #burmeselanguage #lifelessons #timingmatters

ကတုံးပေါ် ထိပ်ကွက်။

Image
ကတုံးပေါ် ထိပ်ကွက်။ ကတုံးပေါ် ထိပ်ကွက်။ Notching a round spot on a bald head.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverb 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ခေါင်းတုံးရိတ်ထားသည့်အပေါ်၌ ထပ်ဆင့်၍ ထိပ်ကွက်နေသည် ဆိုသကဲ့သို့ သူတစ်ပါးအပေါ်၌ လျင်သလို အမြတ်ထုတ်တတ်သူကို သူ့ထက်လျင်သူက အမြတ်ထုတ်သွားသည်။ အမှန်အားဖြင့်ဆိုလျှင် “ခေါင်းတုံးပေါ် ထိပ်ကွက်”ဟု ရေးရသည်။It is a vivid metaphor that illustrates how an already exposed or vulnerable person “represented by the bald head” can be further marked or taken advantage of “notching”. It also conveys the idea that someone who tries to take advantage of others will end up being exploited by someone even more opportunistic.  #burmeseproverb #baldheadmetaphor #vulnerability #exploitation #opportunism #traditionalwisdom #proverbmeaning #burmeseculture #takingadvantage #proverbanalysis #culturalinsight #burmeselanguage #lifelessons

ကလိမ်စေ့ ငြမ်းဆင်။

Image
ကလိမ်စေ့ ငြမ်းဆင်။ ကလိမ်စေ့ ငြမ်းဆင်။ Raise scaffolding on a nicker seed.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverb 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် စေတီပုထိုးအဆောက်အအုံများကိုသာ ငြမ်းဆင်ရမြဲ ဖြစ်သည်။ ကလိမ်စေ့သည် ငြမ်းဆင်ရသော အရာမဟုတ်။ ထိုသို့ မဟုတ်ပါဘဲလျက် ကလိမ်စေ့ကို ငြမ်းဆင်သည်ဟု ဆိုသကဲ့သို့ ယုတ္တိမတန်သော စကားကို လှည့်ပတ် ပြောဆိုသည်။ “ကလိမ်စေ့ ငြမ်းဆင်” ဟူသော အဓိပ္ပါယ်မှာ (မဖြစ်နိုင်သည်ကို လိမ်လည်လှည့်ဖျား ချဲ့ထွင် ပြောဆိုသည်)ကို ဆိုလိုခြင်းဖြစ်လေသည်။ (Erecting scaffolding on a Caesalpinia bonducella seed.) This means “fabricating a preposterous fraud”. Saying 'erecting scaffolding on a nicker seed' is like speaking illogical words in a roundabout way. The phrase implies that something untrue is being fabricated and exaggerated to mislead. #burmeseproverb #nickerseed #scaffolding #preposterousfraud #illogicalwords #misleading #traditionalwisdom #proverbmeaning #burmeseculture #fabrication #exaggeration #proverbanalysis #culturalinsight #burmeselanguage #lifelessons

က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ။

Image
က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ။ က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ။ He dances in unusual way and gets boogers thrown at him.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverb 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ကချေသည်သည် ကနေကျအတိုင်း မကဘဲ ဆန်းပြားစွာကမိသောကြောင့် ပရိသတ်၏ ကိုယ်ထိ လက်ရောက် ရှုတ်ချခြင်း ခံရသကဲ့သို့ မိမိအလုပ်ကို လုပ်နေကျအတိုင်း မလုပ်ဘဲ မဆင်မခြင် ဆန်း ပြားစွာ ပြုလုပ်မိသောကြောင့် ပြစ်တင်ရှုတ်ချခြင်း ခံရသည်။ This means that the dancer was criticized by the audience for deviating from the usual dance routine and performing in an unconventional manner. Similarly, when someone does their work in an unusual and careless way, instead of the usual method, they are subject to criticism and disapproval. #burmeseproverb #unconventional #criticism #disapproval #traditionalwisdom #proverbmeaning #burmeseculture #carelessness #proverbanalysis #culturalinsight #burmeselanguage #lifelessons #workethic

ကဒတ်က အမြစ်လိုက်၊ သားသမီးက မျိုးရိုးလိုက်။

Image
ကဒတ်က အမြစ်လိုက်၊ သားသမီးက မျိုးရိုးလိုက်။ ကဒတ်က အမြစ်လိုက်၊ သားသမီးက မျိုးရိုးလိုက် (မွန် စကားပုံ)။ Just as Dioscorea wallichii follows the root, children follow their lineage.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Saying 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်  ကဒတ်ဥ ကောင်းရန်အတွက် အမြစ်ကောင်းမကောင်းပေါ်တွင် မူတည်သကဲ့သို့ သားသမီးတို့၏ အကျင့်စရိုက် ကောင်းမကောင်းသည် မျိုးရိုးကိုလိုက်၍ ဖြစ်ပေါ်သည်။ This means that just as the quality of Dioscorea wallichii depends on the quality of its root, the behavior and character of children are influenced by their lineage. #burmeseproverb #dioscoreawallichii #lineage #children #behavior #character #culturalwisdom #proverbmeaning #traditionalwisdom #burmeseculture #familyinfluence #proverbanalysis #culturalinsight #burmeselanguage #parentingwisdom

ကတွတ်ပေါက် ဗျိုင်းစောင့်။

Image
ကတွတ်ပေါက် ဗျိုင်းစောင့်။ ကတွတ်ပေါက် ဗျိုင်းစောင့်။  Like a heron waiting at an outlet waterway. 𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Saying 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ဗျိုင်းသည် ကတွတ်ပေါက်မှ တက်လာမည့် ငါးကိုဖမ်းရန် စောင့်မျှော်နေသကဲ့သို့ အခွင့်အလမ်း တစ်စုံတစ်ရာကို မျှော်လင့်ခြင်း ကြီးစွာဖြင့် စောင့်ကြည့်နေသည်။ (ကတွတ်ဝ ဗျိုင်းစောင့်၊ ဆည်ဝ ဗျိုင်းစောင့် - ဟူ၍လည်း အသုံးရှိသည်။) The meaning is that Just as a heron patiently waits for fish at a water runoff exit, someone patiently watches for an opportunity.  #burmeseproverb #heronanalogy #patience #wisdom #burmeseculture #proverbmeaning #lifeadvice #opportunity #heronmetaphor #traditionalwisdom #waitingpatiently #mindfulness #proverbanalysis #culturalinsight #burmeselanguage

ကုရာ နတ္ထိ ဆေးမရှိ

Image
ကုရာ နတ္ထိ ဆေးမရှိ ကုရာ နတ္ထိ ဆေးမရှိ။ No cure for sure. အနက်အဓိပ္ပာယ် ကိလေသာကာမတည်းဟူသော ကိုယ်တွင်းနာကို ကုသနိုင်သော ဆေးဝါးမရှိပေ။ There is no cure for greed. This is a Burmese saying and it implies that there is no cure for greed. It remains unstoppable and it persists beyond any cure. https://youtu.be/D51CN-whd50

ကာလံ ဒေသံ အဂ္ဃံ ဓနံ

Image
ကာလံ ဒေသံ အဂ္ဃံ ဓနံ ကာလံ ဒေသံ အဂ္ဃံ ဓနံ။ The grace of goods, in time and place.  အနက်အဓိပ္ပာယ်  " ကာလံ ဒေသံ အဂ္ဃံ ဓနံ။" သည် မြန်မာဆိုရိုးစကား ဖြစ်သည်။ ပစ္စည်းတန်ဖိုးကို အချိန်အခါ၊ နေရာဒေသလိုက်၍ ဆုံးဖြတ်ရသကဲ့သို့ အချို့သော လူမှုကိစ္စများကို အချိန်အခါ၊ နေရာဒေသအလိုက် ဆောင်ရွက်ကြရသည်။ (ကာလံ - အချိန်အခါ၊ ဒေသံ - နေရာဒေသ၊ အဂ္ဃံ - တန်ဖိုး၊ ဓနံ - မစ္စည်းဥစ္စာ။) This is a Burmese saying. It means that "As the worth of goods is evaluated in relation to their context of time and place, certain social issues are handled accordingly. As the value of goods is assessed within the context of time and place, certain social issues are addressed accordingly."

ကလေးရှက်တော့ငို လူကြီးရှက်တော့ ရယ်

Image
ကလေးရှက်တော့ငို လူကြီးရှက်တော့ ရယ် "ကလေးရှက်တော့ ငို၊ လူကြီးရှက်တော့ ရယ်။"သည် မြန်မာဆိုရိုးစကား ဖြစ်သည်။ အနက်အဓိပ္ပာယ်မှာ ကလေးရှက်သည့်အခါ ငိုတတ်သည်။ လူကြီးရှက်သည့်အခါ အရှက်ပြေ ရယ်တတ်သည်။ (လူငယ်ရှက်က ငို၊ လူကြီးရှက်က ရယ် - ဟူ၍လည်း အဆိုရှိသည်။) When embarrassed, children tend to cry whilst adults tend to laugh. This is a Burmese saying. It illustrates the contrasting ways in which children and adults handle embarrassment. While children display their emotions directly often crying when embarrassed due to their straightforward emotional expression without filters. On the other hand, adults tend to laugh in such situations. This adult behavior reflects a more complex emotional and social response, where laughter serves as a coping mechanism, a means to deflect attention, and a tool to ease social tension.

ကရင်သားမွေး၊ ခေါင်းမဆေးနှင့်၊ အိုးစည်တီး ပြီးအောင်ဆေး။

Image
ကရင်သားမွေး၊ ခေါင်းမဆေးနှင့်၊ အိုးစည်တီး ပြီးအောင်ဆေး။ "ကရင်သားမွေး၊ ခေါင်းမဆေးနှင့်၊ အိုးစည်တီး ပြီးအောင်ဆေး။"သည် မြန်မာ့ရိုးရာ ဗေဒင်ကို အခြေခံသည့် ဆိုရိုးစကားဖြစ်သည်။ အနက်အဓိပ္ပာယ် ခေါင်းမလျှော်သင့်သော နေ့များမှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ ကြာသပတေး ဖြစ်သည်။ ခေါင်းလျှော်သင့်သော နေ့များမှာ တနင်္ဂနွေ၊ အင်္ဂါ၊ စနေ ဖြစ်သည်။ (က =တနင်္လာ၊ ရင် = ဗုဒ္ဓဟူး၊ သား = သောကြာ၊ မွေး = ကြာသပတေး၊ အိုး = တနင်္ဂနွေ၊ စည် = အင်္ဂါ၊ တီး = စနေ) (ကရင်သားမွေး ခေါင်းမဆေးနှင့်၊ စံထွန်းအေး ခေါင်းဆေးတော့။ အောင်စည်တီးခေါ် နေ့သုံးဖော် လျှော်လေဦးခေါင်းသာ၊ ကုလားမသား နေ့လေးပါး ခေါင်းကားမလျှော်ရာ - ဟူ၍လည်း အဆိုများ ရှိသည်)  Based on Burmese astrological calculations: The days you should not wash your hair are Monday, Wednesday, Thursday, and Friday. You should only wash your hair on Sunday, Tuesday, and Saturday.

ကရုဏာ လဟုနာဖြစ်

Image
ကရုဏာ လဟုနာဖြစ် " ကရုဏာ လဟုနာဖြစ် "သည် မြန်မာစကားပုံ ဖြစ်သည်။ အနက်အဓိပ္ပာယ်မှာ သနားသဖြင့် ဆောင်ရွက်သော အမှုသည် မလေးနက်ဘဲ အချည်းနှီး ဖြစ်သွားသည်။  Given in kindness, ended in blindness.  This is a Burmese proverb and this suggests that the action was initially performed with good intentions ("Given in kindness"), but eventually, its purpose or significance was lost or overlooked ("ended in blindness"). It suggests that an action was initially performed with kindness or compassion (mercy), but over time, the value or significance of that action has diminished or disappeared. Other Similar Sayings There are several proverbs and sayings that echo the sentiment of "Given in kindness, ended in blindness," where good intentions lead to unexpected or negative outcomes. Here are a few: "The road to hell is paved with good intentions." - This proverb suggests that good intentions alone are not enough and can sometimes lead to bad outcomes, despit...