ခလောက်မဆွဲသောကျွဲ ရှာရခက်။
ခလောက်မဆွဲသောကျွဲ ရှာရခက်။
ခလောက်မဆွဲသောကျွဲ ရှာရခက် (ရှမ်း စကားပုံ)။ A buffalo without a bell is hard to find (Shan proverb).
𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ်
Myanmar/Burmese Proverbs
𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်
ကျွဲကို လည်ပင်းမှာ ခလောက်ဆွဲမထားလျှင် ပျောက်သည့်အခါ ရှာရခက်တတ်သည်။ ပစ္စည်းတခုခုကိုလည်း အမှတ်သညာမထားဘဲ ပစ်ထားမိလျှင် လိုချင်သည့်အခါ အရှာရခက်တတ်သည်။ ကြိုးကို ဒီတိုင်းပစ်ထားလျှင် ကြိုးသည် ရှုပ်သွားတတ်သည်။ မိမိလိုချင်လာသည့်အခါ ရှုပ်နေသောကြိုးကို ဖြည်နေရတာနဲ့တင် အချိန်ကြာတတ်သည်။ ထို့ကြောင့် "လိုလျှင်ရစေ ကြိုးနှယ်ခွေ" ဆိုရိုးအတိုင်း လိုချင်သည့်အခါ အလွယ်တကူ ရနိုင်အောင် ကြိုးကိုသိမ်းသည့်အခါ အသေချာ ခွေထားပြီး သိမ်းရသည်။ ထို့အတူ ပစ္စည်းတခုကို နောင်တချိန်ပြန်သုံးမည့်အခါ အလွယ်တကူ ရှာလို့ရအောင်၊ သုံးလို့ရအောင် စနစ်တကျ သိမ်းဆည်းသင့်သည်ဟု ဆိုလိုသည်။ If a buffalo does not have a bell around its neck, it is difficult to find when it goes missing. Similarly, if an item is not marked or organized properly, it can be hard to find when needed. Just like an untied rope tends to get tangled, making it time-consuming to untangle when needed, items should be stored systematically so they can be easily found and used later. This proverb emphasizes the importance of organization and proper storage to ensure that things are readily available when needed.
#myanmarproverbs #shanproverbs #wisdom #lifelessons #organization #proverbialwisdom #learnandgrow #culturalwisdom #efficiency #storagesolutions
Comments
Post a Comment