Posts

ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ။

Image
ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ။ A bit of merit, a basket of demerit.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverb 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ကုသိုလ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်သော်လည်း လုပ်ပုံကိုင်ပုံ မလျော်ကန်လျှင် အကုသိုလ် များစွာ ဖြစ်ရသကဲ့သို့ ကောင်းစေလို၍ လုပ်သော်လည်း လုပ်ပုံကိုင်ပုံ မလျော်ကန်လျှင် အကျိုးထက် အပြစ်က များစွာပိုဖြစ်သည်။  It means that even if one intends to do something for merit, if the manner in which it is done is inappropriate, it can result in many demerits. Similarly, even if one intends to do good, if the way it is done is not proper, the harm can far outweigh the benefits. Incur a load of sin for a smidgen of merit. ပဲသား = 1.02058 g, ပိဿာ = 1.63293 kg (3.6 lb) #burmeseproverb #meritanddemerit #intentions #traditionalwisdom #proverbmeaning #burmeseculture #goodintentions #improperactions #proverbanalysis #culturalinsight #burmeselanguage #lifelessons

ကုလားသိုက် ကျားဝင်ကိုက်။

Image
ကုလားသိုက် ကျားဝင်ကိုက်။ ကုလားသိုက် ကျားဝင်ကိုက်။ A crowd of Indians, an attack of a tiger. 𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverb 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ကုလားလူမျိုးအစုအဝေးတွင် ကျားဝင်၍ ဆူညံစွာ အောင်ဟစ်ကြသည်ကို ဆိုသည်။ ကုလား လူမျိုးများ စကားပြောသံသည် ဆူညံသည်ဟု မြန်မာများ၏နားတွင် မှတ်ထင်သည်။ နှုတ်အာ သွက်လက်ပေ့ါပါးသော လူမျိုးများဖြစ်၍ အာသံ လျှာလိပ်သံများသောကြောင့် အစုအဝေးလိုက် တစ်ယောက်တစ်ခွန်း ပြောဆိုကြသောအခါ နားမလည်ကြသူများအဖို့ နားငြီးဖွယ် ဖြစ်တတ် သည်။ ထို့ကြောင့် သဘာဝအားဖြင့် သာမန်အခါ၌ပင် ဆူညံသည်ဟု မှတ်ယူလျှင် ဝင်ရောက်ကိုက်ခဲသဖြင့်ကြောက်လန့်တကြားနှင့် အော်ဟစ်ပြောဆိုကြသည့် အခါ ပို၍ဆူညံမည်ဟု တင်စားခိုင်းနှိုင်းဆိုခြင်းဖြစ်သည်။ နားမခံသာဖွယ် ဆူညံခြင်းကို ပုံခိုင်းသည်။   It means that in a group of Indians, when a tiger enters, they will scream loudly. The speech of Indians sounds noisy to Burmese ears. Indians are a lively and talkative people, and their voices and speech tones can be loud and fast. Therefore, when they speak in groups, it can be overwhelming for ...

ကုလားမနိုင် ရခိုင်မဲ။

Image
ကုလားမနိုင် ရခိုင်မဲ။ ကုလားမနိုင် ရခိုင်မဲ။ Turning to the Rakhine for not being able to defeat the Indian. 𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverb 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် တယောက်ယောက်ကို မနိုင်သည့်အခါ နိုင်သည့် တခြားတယောက်ကို ဖိဟောက်တာမျိုး၊ ရစ်တာမျိုး၊ ဒုက္ခပေးတာမျိုးတွင် သုံးကြသည်။ (ကုလားမနိုင် ရခိုင်မဲ"၏ မူရင်းစကားပုံမှာ "ကုလားမနိုင် ရခိုင်မေး" ဖြစ်သည်ဟု ဆိုကြပါသည်။ ရခိုင်ပြည်ဟာ ဘင်္ဂေါဒေသနဲ့ ထိစပ်နေတယ်။ ရှေးရခိုင်ဘုရင်တွေဟာ ကုလားပြည်ကို အမြဲအောင်နိုင်တယ်လို့ဆိုပါတယ်။ ကုလားတို့ရဲ့ အားနည်းချက် အားသာချက်ကို  ကောင်းကောင်းသိတယ်။ မြန်မာဘုရင်တွေက ကုလားပြည်နဲ့စစ်ဖြစ်တဲ့အခါမျိုး ကုလားပြည်ကို သိမ်းချင်တဲ့အခါမျိုးမှာ တိုက်ကြတယ်။ ဒါပေမယ့် ကုလားပြည်ကိုနိုင်အောင် မတိုက်နိုင်တဲ့အခါတွေ ရှိမယ်။ အဲဒီအခါမှာ ကုလားပြည်ရဲ့ ဟာကွက်ကို နောကျေတဲ့ ရခိုင်ပြည်သားတွေကို သွားသွားပြီး မေးရမြန်းရတယ်ပေါ့။ ဒါကြောင့် "ကုလားမနိုင် ရခိုင်မေး" လို့ ဆိုရိုး ဖြစ်လာတယ်လို့ ဆိုကြပါတယ်။)  It means that when you cannot overcome one person, you try to overpower another person you can defea...

ကလေးကျမှ လှေခါးထောင်၊ ရန်သူပြန်မှ ဒူးလေးပြင်။

Image
ကလေးကျမှ လှေခါးထောင်၊ ရန်သူပြန်မှ ဒူးလေးပြင်။ ကလေးကျမှ လှေခါးထောင်၊ ရန်သူပြန်မှ ဒူးလေးပြင်။ Erect the ladder after the child falls; Prepare the weapon after the enemy retreats. 𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverb 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ပြုလုပ်သင့်သည့်အချိန်တွင် အချိန်မှီ မပြုလုပ်ဘဲ အချိန်လွန်မှ ပြုလုပ်ရန် ကြိုးပမ်းအားထုတ်သည်။ “မိုးလွန်မှ ထွန်ချ။ ငါးလွန်မှ ကွန်ပစ် ။  မိုးသောက်မှ ကြက်တင်၊ နေဝင်မှ စပါးလှန်း”ဟူသော စကားပုံ တို့နှင့် အတူတူဖြစ်သည်။  It means trying to do something after the appropriate time has passed. It is similar to the proverbs 'Plow after the sun has set,' 'Throw the net after the fish have passed,' ‘Put the chickens to roost after the sun has risen,' and 'Sun-dry the rice after the sun has set. #burmeseproverb #lateness #missedopportunity #timing #traditionalwisdom #proverbmeaning #burmeseculture #delayedaction #proverbanalysis #culturalinsight #burmeselanguage #lifelessons #timingmatters

ကတုံးပေါ် ထိပ်ကွက်။

Image
ကတုံးပေါ် ထိပ်ကွက်။ ကတုံးပေါ် ထိပ်ကွက်။ Notching a round spot on a bald head.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverb 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ခေါင်းတုံးရိတ်ထားသည့်အပေါ်၌ ထပ်ဆင့်၍ ထိပ်ကွက်နေသည် ဆိုသကဲ့သို့ သူတစ်ပါးအပေါ်၌ လျင်သလို အမြတ်ထုတ်တတ်သူကို သူ့ထက်လျင်သူက အမြတ်ထုတ်သွားသည်။ အမှန်အားဖြင့်ဆိုလျှင် “ခေါင်းတုံးပေါ် ထိပ်ကွက်”ဟု ရေးရသည်။It is a vivid metaphor that illustrates how an already exposed or vulnerable person “represented by the bald head” can be further marked or taken advantage of “notching”. It also conveys the idea that someone who tries to take advantage of others will end up being exploited by someone even more opportunistic.  #burmeseproverb #baldheadmetaphor #vulnerability #exploitation #opportunism #traditionalwisdom #proverbmeaning #burmeseculture #takingadvantage #proverbanalysis #culturalinsight #burmeselanguage #lifelessons

ကလိမ်စေ့ ငြမ်းဆင်။

Image
ကလိမ်စေ့ ငြမ်းဆင်။ ကလိမ်စေ့ ငြမ်းဆင်။ Raise scaffolding on a nicker seed.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverb 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် စေတီပုထိုးအဆောက်အအုံများကိုသာ ငြမ်းဆင်ရမြဲ ဖြစ်သည်။ ကလိမ်စေ့သည် ငြမ်းဆင်ရသော အရာမဟုတ်။ ထိုသို့ မဟုတ်ပါဘဲလျက် ကလိမ်စေ့ကို ငြမ်းဆင်သည်ဟု ဆိုသကဲ့သို့ ယုတ္တိမတန်သော စကားကို လှည့်ပတ် ပြောဆိုသည်။ “ကလိမ်စေ့ ငြမ်းဆင်” ဟူသော အဓိပ္ပါယ်မှာ (မဖြစ်နိုင်သည်ကို လိမ်လည်လှည့်ဖျား ချဲ့ထွင် ပြောဆိုသည်)ကို ဆိုလိုခြင်းဖြစ်လေသည်။ (Erecting scaffolding on a Caesalpinia bonducella seed.) This means “fabricating a preposterous fraud”. Saying 'erecting scaffolding on a nicker seed' is like speaking illogical words in a roundabout way. The phrase implies that something untrue is being fabricated and exaggerated to mislead. #burmeseproverb #nickerseed #scaffolding #preposterousfraud #illogicalwords #misleading #traditionalwisdom #proverbmeaning #burmeseculture #fabrication #exaggeration #proverbanalysis #culturalinsight #burmeselanguage #lifelessons

က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ။

Image
က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ။ က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ။ He dances in unusual way and gets boogers thrown at him.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverb 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ကချေသည်သည် ကနေကျအတိုင်း မကဘဲ ဆန်းပြားစွာကမိသောကြောင့် ပရိသတ်၏ ကိုယ်ထိ လက်ရောက် ရှုတ်ချခြင်း ခံရသကဲ့သို့ မိမိအလုပ်ကို လုပ်နေကျအတိုင်း မလုပ်ဘဲ မဆင်မခြင် ဆန်း ပြားစွာ ပြုလုပ်မိသောကြောင့် ပြစ်တင်ရှုတ်ချခြင်း ခံရသည်။ This means that the dancer was criticized by the audience for deviating from the usual dance routine and performing in an unconventional manner. Similarly, when someone does their work in an unusual and careless way, instead of the usual method, they are subject to criticism and disapproval. #burmeseproverb #unconventional #criticism #disapproval #traditionalwisdom #proverbmeaning #burmeseculture #carelessness #proverbanalysis #culturalinsight #burmeselanguage #lifelessons #workethic