Posts

ဒေါင်းတုလို့ စာသငယ်လှမ်း။

Image
ဒေါင်းတုလို့ စာသငယ်လှမ်း။ ဒေါင်းတုလို့ စာသငယ်လှမ်း။ Imitating a peacock's stride, a sparrow walks.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်  ဒေါင်း၏ခြေလှမ်းကို စာသငယ်က တုပ၍လှမ်းသကဲ့သို့ မိမိနှင့် မတန်မရာကို တုပပြုမူသည်။ Just as a sparrow tries to imitate the stride of a peacock, someone attempts to imitate or act beyond their capabilities or status. Such attempts often lead to awkward results. This proverb serves as a reminder to stay true to one's own abilities and limitations. #staytrue #selfawareness #avoidingpretense #burmeseproverbs #burmesewisdom #myanmarculture #knowyourlimits #lifelessons #culturalheritage #proverbmeanings #historicalwisdom

ဒူးလောက်တင်မှ ရင်လောက်ကျ။

Image
ဒူးလောက်တင်မှ ရင်လောက်ကျ။ ဒူးလောက်တင်မှ ရင်လောက်ကျ။ Aim for the knee to hit the chest. 𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်  သားကောင်ကို လက်နက်ဖြင့် ချိန်ရွယ်၍ ပစ်ခတ်ရာတွင် ရင်ဒူးနေရာသို့ မှန်း၍ပစ်မှ ရင်ဘတ်ကို မှန်နိုင်သကဲ့သို့ အလုပ်လုပ်ရာတွင် ပို၍ ရည်မှန်းထားမှ သင့်ရုံကျသည်။ ဒူး (ရင်ဒူး) = တိရစ္ဆာန်၏ ရင်ညွန့်တွင် နံရိုးနှစ်ဖက်ဆုံရာ အရိုးနု။ (ရင်နုရိုးဟုလည်း ခေါ်သည်။)  When aiming a weapon at an animal, you need to aim at the breastbone (literally, "knee") to hit the chest. Similarly, when working on a task, you need to aim higher to achieve a satisfactory result. Knee (breastbone) = The soft bone where the two ribs meet in the breast of an animal.  The proverb uses the analogy of hunting to convey the idea that one needs to set ambitious goals to achieve a desired outcome. Just as a hunter needs to aim slightly higher to hit the vital organs of an animal, one needs to set their sights higher than their actual target to achieve a s...

ဒူးနေရာဒူး တော်နေရာတော်။

Image
ဒူးနေရာဒူး တော်နေရာတော်။ ဒူးနေရာဒူး တော်နေရာတော်။ Knee at its Knee place, royal at its royal place.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ်  မြန်မာမင်းများ ညီလာခံသဘင် ကျင်းပရာ၌ တော်နေရာ၊ ဒူးနေရာ စသည့် နေရာငါးသွယ်ရှိရာတွင် ခစားသူများသည် မိမိ အဆင့်အတန်း အလိုက် သတ်မှတ်ထားသည့် နေရာမှသာ ခစားရသကဲ့သို့ မိမိ အဆင့်အတန်းနှင့် လျော်ကန်အောင် ပြောဆိုဝတ်စား နေထိုင်ရသည်။ ဒူးနေရာ = ဘုရင်မင်းမြတ် ညီလာခံတွင် လက်ဝဲလက်ယာ ခစားသော မှူးမတ်တို့အတွက် သတ်မှတ်သည့်  တော်၊ ဒူး၊ စနည်း၊ အတွင်းဘဝေါ၊ အပြင်ဘဝေါ ဟူသော နေရာငါးသွယ် အနက် ဒုတိယနေရာ။ တော်နေရာ = အထက်ပါ ပထမနေရာ။ The meaning is that, just as in the royal assemblies of Burmese kings, where participants were seated according to their rank in designated positions—such as the 'Royal place' and the 'Knee place'—one should speak, dress, and behave in a manner appropriate to their status and rank. Explanation: The 'Knee place' refers to the second most important position on either side of the king in the r...

ဒီအကွေ့ ဒီတက်နဲ့လှော်၊ ဟိုအကွေ့ ဟိုတက်နဲ့လှော်။

Image
ဒီအကွေ့ ဒီတက်နဲ့လှော်၊ ဟိုအကွေ့ ဟိုတက်နဲ့လှော်။ ဒီအကွေ့ ဒီတက်နဲ့လှော်၊ ဟိုအကွေ့ ဟိုတက်နဲ့လှော်။ Row with this paddle at this bend, row with that paddle at that bend.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် လှေနှင့်သွားရာတွင် မြစ်ချောင်းအကွေ့အကောက်ရှိသည့်အလိုက် အဆင်သင့်ရာ တက်ကို အသုံးပြုရသကဲ့သို့ လုပ်ငန်းတစ်ခု ဆောင်ရွက်ရွာတွင် အခြေအနေအရ သင့်လျော်မည့် နည်းလမ်းကို လိုအပ်သလို ပြောင်းလဲ ကျင့်သုံးသည်။ The meaning is that just as when navigating a boat through the twists and turns of a river, one uses the appropriate paddle for each bend, in any task or work, one should adapt and apply the most suitable method or approach according to the situation.  The proverb uses the analogy of navigating a boat through a winding river to illustrate the importance of adaptability and flexibility in tackling challenges. It emphasizes the need to adjust one's approach based on the specific circumstances encountered. #flexibility #strategicthinking #situational...

ဒီယုန်မြင်လို့ ဒီချုံထွင်။

Image
ဒီယုန်မြင်လို့ ဒီချုံထွင်။ ဒီယုန်မြင်လို့ ဒီချုံထွင်။ Upon seeing this rabbit, this bush is cleared.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ချုံရှင်းလို၍ မဟုတ်ဘဲ ယုန်ရရန် မြော်မြင်ချက်ဖြင့် ချုံကို ခုတ်ထွင်ရှင်းလင်းဘိသကဲ့သို့ အလားအလာကို မြော်မြင်၍ အခြေအနေ တစ်ရပ်ကို ဖန်တီးသည်။ “သည်ယုန်မြင်လို့ သည်ချုံထွင်”ဟုလည်း အသုံးရှိသည်။  It's not about wanting to clear the bush, but rather creating a situation with foresight to catch the rabbit, just like clearing the bush with the expectation of getting the rabbit. This Burmese proverb uses a metaphor of clearing a bush to catch a rabbit. It implies that someone is taking action to create a favorable situation, not because they inherently want to change the current situation, but because they foresee a potential opportunity or gain from it. #foresight #opportunitycreation #calculatedmoves #burmeseproverbs #burmesewisdom #myanmarculture #strategicaction #lifelessons #culturalheritage #proverbmeanings...

ဒီပုတ်ထဲက ဒီပဲ။

Image
ဒီပုတ်ထဲက ဒီပဲ။ ဒီပုတ်ထဲက ဒီပဲ။ The same kind of beans from the same bin.  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် ပဲတစ်မျိုးတည်း ထည့်ထားသော ပုတ်ထဲမှ ထိုပဲမျိုးသာ ထွက်လာသကဲ့သို့ သည်အစု၌ ပါဝင်သူ ဟူသမျှသည် သည်စရိုက် လက္ခဏာမျိုး ရှိသူချည်းသာ ဖြစ်သည်။ “သည်ပုတ်ထဲက သည်ပဲ”ဟုလည်း အသုံးရှိသည်။ “လူချင်းတူသော်လည်း အသက်ရှူချင်းကွဲ။”စကားပုံနှင့် ဆန့်ကျင်ဖက် ဖြစ်သည်။ The meaning is that just as only the same type of beans come out of a container filled with only one type of beans, all members of that group have the same characteristics. This Burmese proverb highlights the idea that individuals within a certain group share the same traits.  #samecharacteristics #similartraits #sharedidentity #burmeseproverbs #burmesewisdom #myanmarculture #grouptraits #lifelessons #culturalheritage #proverbmeanings #historicalwisdom #acipoftheoldblock

ထမင်းအဆာခံနိုင်လျှင် ထမင်းအကျက် စားရမည်၊ ရေငတ်ခံနိုင်လျှင် ရေကြည် သောက်ရမည်။

Image
ထမင်းအဆာခံနိုင်လျှင် ထမင်းအကျက် စားရမည်၊ ရေငတ်ခံနိုင်လျှင် ရေကြည် သောက်ရမည်။ ထမင်းအဆာခံနိုင်လျှင် ထမင်းအကျက် စားရမည်၊ ရေငတ်ခံနိုင်လျှင် ရေကြည် သောက်ရမည် (ကရင် စကားပုံ)။ If you can endure hunger, you will eat well-cooked rice; if you can endure thirst, you will drink clear water (Karen proverb).  𝗢𝗿𝗶𝗴𝗶𝗻/မူလဇစ်မြစ် Myanmar/Burmese Proverbs 𝐌𝐞𝐚𝐧𝐢𝐧𝐠/အနက်အဓိပ္ပါယ် တန်ဖိုးရှိသောအရာကို ရရှိနိုင်ရန် ရှည်လျားသော အချိန်အတိုင်းအတာတစ်ခု ကို ရင်းနှီးမြုပ်နှံရသည်။ “အောင့်နိုင်လျှင် အကျိုးရှိ”ဆိုရိုးစကားနှင့် အဓိပ္ပါယ် တူသည်။  The meaning is that one must invest a significant amount of time and endure challenges to obtain something of value. It's used to emphasize the importance of patience and perseverance. This proverb shares the same meaning as the saying 'Patience brings rewards.' Here are a few English proverbs or phrases that convey similar meanings: "No pain, no gain." This directly emphasizes the idea of enduring hardship to achieve a goal. "Good things...